သတင်းများ

မိုင်းခုတ်မြို့၌ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
May 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခြင်းနှင့် အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်ကာ ဝမ်ကတ်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့်မီစေရေး ဆက်လက် ထိုးနှံပေး
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 24,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား
ကလောမြို့နယ်၌ ခေတ်မီစံပြကျေးရွာ (Smart Village) အကြောင်း မိတ်ဆက်ရှင်းလင်း
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းရွာသစ်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာ (Smart Village) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်
May 24,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)၊ နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှမ်းရွာသစ်မြို့တွင် လမ်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
May 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (AstraZeneca)အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(AstraZeneca) ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကျောင်းကုန်းမြို့ အ.ထ.က ညောင်အိုင် နှစ်ထပ်ကျောင်းဆောင်သစ်အား ဖွင့်လှစ်ပေး
May 24,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ညောင်အိုင် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။