သတင်းများ

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲကစ၍ အောင်ချမ်းသာရပ်အနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)နှင့် ရှင်တော်ကုန်းကျေးရွာအနီးရှိ မန္တလေး-နည်းပညာတက္ကသိုလ်တို့၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် ပိုးလောက်လန်း စစ်ဆေးခြင်းနှင့်ခြင် ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကိုဆေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
May 24,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က တောင်သာအ.ထ.ကကျောင်းနဝရတ်ခန်းမနှင့် စုရပ်(၃)နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်ငွေများထုတ်ပေး
May 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အငြိမ်းစား၀န်ထမ်းများအား မေလအတွက် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခြင်းကို ယမန် နေ့နံနက်ပိုင်းက သရက်ချောင်း မြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သန်လျင်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများပြုလုပ်နည်း သင်တန်းဖွင့်လှစ်
May 24,2022
သန်လျင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး မိသားစုဝင်ငွေတိုးစေရေး ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးလျက်ရှိသည်။
ကျောက်ဆည်မြို့၌ တတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထပ်ဆောင်းဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်း (၃၅၁)ဦးအား ကာကွယ်ဆေးများထိုးနှံပေး
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထပ်ဆောင်းဆေးထိုးရန်ကျန်ရှိသည့် ပညာရေးဝန်ထမ်း(၃၅၁)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ပေး
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေ ၂၄ ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီ‌စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြု လုပ်
May 24,2022
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌  ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။