သရက် မေ ၂၃
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝသနှင့် မျက်စိပသာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီ (မိုးအကြို) စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝင်းအတွင်းတွင် ကျင်းပသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင် များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များတို့က ကျွန်းပင်(၁၀၀)၊ မဲဇလီ ပင်(၁၀၀)၊ မန်ဂျန်ရှားပင်(၁၀၀)၊ ယင်းမာပင်(၁၀၀)နှင့် ယူကလစ်ပင်(၁၀၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စုပေါင်းစိုက်ပျိုးခဲ့ကြသော ပျိုးပင်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်