ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံပန်းချီ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်ကူးဉာဏ်ရင့်သန်စေရန်နှင့် ပန်းချီရေးဆွဲခြင်းဖြင့် အလှအပကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။