လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

လေးမျက်နှာ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကညင်တိုင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကညင်တိုင်းကျေးရွာအုပ်စု၊ ကညင်တိုင်းကျေးရွာတွင် မြစိမ်းရောင်ချေးငွေအား ၉ ကြိမ်မြောက် ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ အဆိုပါ မြစိမ်းရောင်ချေးငွေစီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၁၆၀)သိန်းနှင့် ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေ (၈)သိန်း စုစုပေါင်း (၁၆၈)သိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သော ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပေ (၇၀၀)အရှည်ရှိသည့်အနက်မှ ယခုအချိန်တွင် ပေ (၅၂၀)ခင်းပြီးဖြစ်ကြောင်းနှင့် လုပ်ငန်း၏ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ကွန်ကရစ်လမ်းသည် အကျယ် ၁၀ ပေနှင့် ထု ၇ လက်မရှိကာ ကျေးရွာသူ ကျေးရွာသားများမှ ဝိုင်းဝန်းစုပေါင်း လုပ်ဆောင်လျက်ရှိပြီး လုပ်ငန်းပြီးစီးပါက ကျေးရွာနေပြည်သူများ၏ နေထိုင်သွားလာရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)