မြဝတီမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မြဝတီ  မေ  ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ထွန်း၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့က ကြည့်ရှုအားပေးသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ Only One Earth (တစ်ခုတည်းသော ကမ္ဘာမြေ)ဖြစပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)