သဲကုန်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျထုတ်ပေးလျက် ရှိသည်။ သဲကုန်းမြို့နယ်အတွင်း ပင်စင်စားဝန်ထမ်း ၁၅၀၀ ကျော်ရှိပြီး ပင်စင်စားများ အဆင်ပြေစေရေးအတွက် မေ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း ထုတ်ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစားပင်စင်ထုတ်ယူသူ (၃၈၀)ဦးခန့်ရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မြို့နယ် (ပြန်/ဆက်)