မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first doses ၊ second doses နှင့် Booster doses များ ဆက်လက်ထိုးနှံပေး

မိုးကောင်း မေ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first doses၊ second doses နှင့် Booster doses များ မိုးကောင်းမြို့တော်ခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် phase eleven first doses (Covaxin) ထိုးနှံသူ (၁၆)ဦး၊ phase nine second doses(covaxin) ထိုးနှံသူ (၁၄)ဦး၊ phase nine second doses (COVISHIELD)ထိုးနှံသူ (၄၆)ဦး၊ phase nine second doses(Sinovac) ထိုးနှံသူ (၂၀)ဦး၊ Booster (COVISHIELD) ထိုးနှံသူ(၇၅)ဦးနှင့် Booster (Covaxin)ထိုးနှံသူ (၉)ဦး ထိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)