ချောင်းဆုံတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ လုပ်အားကိုအသုံးချ၍ ရောဂါကုသရေး လုပ်ငန်းများ ပိုမိုထိရောက်မှုရှိစေရေး (CHAW) သင်တန်းပို့ချ

ချောင်းဆုံ မေ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုထိရောက်မှုရှိစေရန် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၏ လုပ်အားဖြင့် ရောဂါထိန်းချုပ်ကုသပေးနိုင်ရေး (CHAW) သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် မွေး/ကု ဦးစီးဌာနရုံးတွင် ကျင်းပသည်။

သင်တန်းတွင် တိရစ္ဆာန်များ ရာသီအလိုက်ဖြစ်ပွားတတ်သည့် ရောဂါများ၊ သက်ရှိ၊ သက်မဲ့များ အကြောင်းကိုနားလည်စေရန်၊ တိရစ္ဆာန်တစ်ကောင်၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များသိရှိစေရန်၊ မြို့နယ်အတွင်း တိရစ္ဆာန်များတွင် ရောဂါအမှန်တကယ် ဖြစ်ပွား လာပါက ပိုမိုလျင်မြန်စွာ ကုသမှုပေးနိုင်ရန် စသည့်နည်းစနစ်များကို မြို့နယ်မွေး/ကုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ရီနှင့် သင်တန်းနည်းပြ(၁)ဦးတို့က နယ်မြေခံ သင်တန်းသား(၁၀)ဦးတို့အား မေလ(၂၃)မှ (၂၅) ရက်နေ့အထိ သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)