ကျိုက်မရောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ကျိုက်မရော မေ ၂၃

မိုးရာသီလယ်ယာလုပ်ငန်းခွင် စတင်တော့မည်ဖြစ်ရာ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား အတိုးနှုန်းသက်သာစွာဖြင့် မေလ ၁၆ ရက်မှစတင်ကာ တောင်သူ လယ်သမား များ လက်ဝယ်အရောက် စတင်ထုတ်ချေးလျက်ရှိပြီး မေလ ၂၃ ရက်နေ့တွင်လည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်

ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့် ချေးငွေထုတ်ချေးရန် ကျန်ရှိနေသည့် ကျေးရွာများအား စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိရာ သံကလောင် ကျေးရွာ၊ ခနောင်ကျေးရွာ၊ အတ္တရံရပ်ကွက်နှင့် အောင်သုခရပ်ကွက်များမှ လယ်သမား (၃၁) ဦး၊ စိုက်ဧက (၁၃၇) ဧကအတွက် မိုးစပါးတစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ် (၁၅၀၀၀၀/) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၀၅.၅) သိန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ် (ခွဲ) မန်နေဂျာဒေါ်သီတာထွန်းထံမှ သိရသည်။ ကျန်ရှိနေသော ကျေးရွာများမှ တောင်သူများအား ဘဏ်ဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)