သတင်းများ

လားရှိုးမြို့ အ.ထ.က (၆) တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Jul 16,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဇူလိုင်လ ၁၆ ရက်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ကလေးဝမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများထုတ်ပေး
Jul 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Jul 16,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သန်လျင်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ ဗိုလ်ချုပ်မူလွန်(၁)၌ ကျင်းပသည်။
လင်းခေးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ KG နှင့် Grade-1 ကျောင်းသား/ကျောင်းသူကလေးငယ်များအား နေ့လည်စာအာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Jul 16,2026
ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရပြည့်ဝစုံလင်ပြီး ဉာဏ်ရည်နှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ ခန္ဓာကိုယ်ကြီးထွားစေသောအစားအစာ၊ အင်အားဖြစ်စေသောအစားအစာနှင့် ရောဂါကာကွယ်စေသောအစားအစာဟူသည့် အစာအုပ်စု(၃)အုပ်စုလုံးကို မျှတစွာစားသုံးတတ်စေရန်၊ အစာမစားမီလက်ဆေးခြင်း အလေ့အထကောင်းများရရှိလာစေရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများပူးပေါင်း၍ “အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ကျောင်းတွင်းအာဟာရမြှင့်တင်စို့” အစီအစဉ်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာကျောင်းများရှိ (KG)နှင့် (Grade-1)ကျောင်းသား/ကျောင်းသူကလေးငယ်များအား နေ့လည်စာအာဟာရ (ထမင်းဟင်း)ကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာ၌ စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်းအသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Jul 16,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ပထမရက်(၁၀၀) Quick Win အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ပင်းဟဲကျေးရွာ၌ စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်း အသုံးပြုဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် စက်ချုပ်သင်တန်း ဖွင့်လှစ်
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပန်းတော်ပြင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ရွှေဟင်္သာကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနေမှု အခြေအနေနှင့် မြစ်ကမ်းပါးနှင့်နီးကပ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် လူနေအိမ်များ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေးတို့အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရေမြစ်ဖြိုးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးတို့ လိုက်ပါကွင်းဆင်းကြည်ရှုခဲ့သည်။
မြန်အောင်မြို့နယ်၌ စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြား၊ လုပ်ငန်းသုံးဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က မြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်း ပြောကြားခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။