ကံမ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအသိပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးခန်း ဆေးဆိုင်များမှ လုပ်ငန်းရှင်များ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္က ဦးသက်လွင်ဦးက အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသက်ဦးဟန်က ပြောကြားရာတွင် ကောင်းမွန်သောဆေးဝါးများကို စနစ်တကျရောင်းချနိုင်စေရန်၊ စည်းကမ်းလိုက်နာမှု ကောင်းမွန်စေရန်၊တာဝန်ယူမှု တာဝန်ခံမှု ပိုမိုကောင်းမွန်လာစေရန်၊ ဥပဒေညွှန်ကြားချက် အမိန့်ကြော်ငြာစာများ သတိပြုမိစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဆေးခန်း ဆေးဆိုင်များမှ လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)