ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၁၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြ  ၁၁၂၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နေကြာ ၁၀၄၆ ဧက  စိုက်ပျိုးရန်လျာထားပြီး   ဇွန်လမှစတင် စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၁၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ “ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ဧက ၁၁၂၁ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နေကြာစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းတွေတိုးတက်စေဖို့ တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်တွင် နေကြာစိုက်ပျိုးတောင်သူများကို စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက  ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်အောင်၊ ပိုးမွှားရောဂါကင်းရှင်းအောင်စတဲ့ တောင်သူအသိပညာပေးခြင်းများကို စနစ်တကျကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နေကြာကို အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ သီးနှံဝင်ငွေရရှိကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာသီးနှံကို ဒေသမရွေးတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )