ကံမမြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား  ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်းသုံးသောင်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းကျပ်နှုန်း မြေပဲ၊နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူ(784)ဦး၏ မိုးစပါးစိုက်ဧက(၂၄၀၄)ဧကအတွက် ငွေကျပ်(၃၆၀၆)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ဆက်လက်၍ ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ  တောင်သူများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)