သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇ‌ပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်
Jun 10,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က အမှတ် ၆ ရပ်ကွက်ရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jun 10,2022
မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်
Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများမမေ့မလျော့သိရှိလိုက်နာနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းများကို မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်​ဖြစ် လည်းကောင်း (Hand Speaker) ဖြစ်လည်းကောင်း အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၉၂၀) ဦးထံသို့ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Jun 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက လိပ်သိုမြို့ ရပ်ကွက်(၁) သို့ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ ရေးသူ ဖတ်သူ စာပေဆွေးနွေးပွဲ ကျင်းပ
Jun 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ အစုအဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ စာပေမှအသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ရေးသူဖတ်သူ စာပေဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နါရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် မျောက်ကျောက်ရောဂါ(Monkeypox)အကြောင်း အသိပညာပေးနံရံကပ် စာစောင်ပြသ
Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ (Monkeypox)နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။