ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ရုပ်ပုံပြပုံပြင်ပြော ပြိုင်ပွဲနှင့်စာအုပ်စာစောင် ခင်းကျင်းပြသခြင်း ဆောင်ရွက်

ကလိန်အောင် ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များကို ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်ကပြု လုပ်ပြသခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ စာကြည့်တိုက်လက်ထောက် (၃)ဒေါ်ခင်ခင်လဲ့က ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောပြခဲ့သည်။

အဆိုပါ  ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက  မြိုတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည် "သစ်ပင်တွေကို မခုတ်ပါ နဲ့"ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)