ပခုက္ကူမြို့၌ နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံးတည်ဆောက်မှု(၈၅)ရာခိုင်နှုန်းပြီးစီး

ပခုက္ကူ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ (၈)ခန်းတွဲ (၅) ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦးတစ်လုံးတည် ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ လ၁ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၉၈၉)သန်းဖြင့် (၈)ခန်းတွဲ (၅) ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာအဆောက်အဦတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး တာဝန်ယူ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ယနေ့အထိ တည်ဆောက်မှုလုပ်ငန်း (၈၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါအဆောက်အဦ၏ အကျယ်အဝန်းမှာ စတုရန်ပေပေါင်း (၃၃၈၂၂)ပေရှိပြီး တစ်ထပ်အတွင်း၌ အခန်းပေါင်း (၈)ခန်းပါရှိသည့်(၅)ထပ်အဆောက်အဦတစ်လုံးဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောသည်။

ဘာမီသာ(ပခုက္ကူ)