ပိုင်ကျုံ ဇွန် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအုပ်စု၊ နောင်ဘိုကြီး ကျေးရွာ၊အ.ထ.က နောင်ဘိုကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ အ.ထ.က နောင်ဘိုကြီးကျောင်းတွင် ဇွန်လ ၁၀ ရက်နေ့မှစ၍ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ စတင်ထိုးနှံပေး လျက်ရှိရာ (၁) ရက်အတွင်း ကာကွယ်ဆေးထိုးနှံသူကျောင်းသား စုစုပေါင်း (၄၀၀) ဦးရှိကြောင်း ပိုင်ကျုံမြို့ ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ပိုင်ကျုံမြို့တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ဇွန်လ ၉ ရက်နေ့အထိ ကျောင်းသား/သူ စုစုပေါင်း (၂၁၁၄) ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် နောင်ဘိုကြီး အ.ထ.က ကျောင်း၌ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ သူများအား ယနေ့နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များမှ ဆရာ၊ ဆရာမ များနှင့် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းလုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြ ကြောင်းသိရသည်။
နော်ခူး (ပြန်/ဆက်)