သတင်းများ

နည်းပညာတက္ကသိုလ်(မုံရွာ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 12,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မုံရွာ)၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ နည်းပညာတက္ကသိုလ်(မုံရွာ)၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်မျိုးလင်းနှင့် ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တွင် မောင်မယ်သစ်လွင် အခမ်းအနားကျင်းပ
May 12,2022
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ၊၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများ၊ ၂၀၂၁-၂၀၂၀ ပညာသင်နှစ် ပဉ္စမနှစ်သင်တန်းများ၏ ပထမနှစ်ဝက်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်သင်ကြား ပို့ချပါသည်။
မုံရွာမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလွတ်တန်း စားပွဲတင်နစ်ပြိုင်ပွဲကျင်းပ၊ ဆုရရှိသူများအား ဆုများချီးမြှင့်
May 12,2022
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလွတ်တန်း စားပွဲတင် တင်းနစ်ပြိုင်ပွဲကို မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မုံရွာမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းတည်ဆောက်နေမှုနှင့် လေဆိပ်အဆောက်အဦ အကြီးစားပြင်ဆင်မွမ်းမံရန် စီစဉ်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
May 12,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး ကျော်သူဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း တည်ဆောက်နေမှုနှင့် လေဆိပ်အဆောက်အဦ အကြီးစားပြင်ဆင်မွမ်းမံရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
လူမှူဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိသူများအား အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ
May 12,2022
အလုပ်သမား၀န်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် လူမှုဖူလုံရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှုလျော့နည်းစေရန်အတွက် HIA ဆန်းစစ်ချက် သင်တန်းဖွင့်လှစ်
May 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှုလျော့နည်း စေရန်အတွက် HIA ဆန်းစစ်ချက် သင်တန်းကို ကြက်ဈေးရပ်ကွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရုံးခန်းမ၌ ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
မအီမြို့တွင် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင်ခြင်းနှင့် ထီးတော်တင်မင်္ဂလာ အခမ်းအနားပူဇော်ကျင်းပ
May 12,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ အမှတ်(၄)ရပ်ကွက်၌ တည်ထားကိုးကွယ်သည့် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ထီးတော်တင်မင်္ဂလာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် လက်တွေ့လေ့ကျင့်
May 12,2022
သဘာဝဘေးအန္တာရာယ်ကျရောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ချက်ချင်းတုန့်ပြန်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လျှင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနသည် မပြတ်လေ့ကျင့်လျက်ရှိကြောင်းသိရှိရသည်။ အချိန်အခါမရွေးဖြစ်ပေါ်လာတတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျှင်ဘေးစသည့်