ဒဂုံအရှေ့ ဇွန် ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ဇွန် ၂၀ ရက် မွန်းလွဲ ၁၂ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို လူငယ်နှင့်မူးယစ်ဆေးဝါအန္တရာယ်ခေါင်းစဉ်ဖြင့် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးဝါးသုံးစွဲရသည် အကြောင်းအရင်း၊ပြသာနာ၊ ရှောင်ကျဉ်ရမည့် အချက်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်ချက်ဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဆရာ/မများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ပူးပေါင်း၍ မာဂဓိသာစည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာ သော ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော ဇွန်လ (၂၆) ရက်နေ့၌ ကျရောက်မည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)