သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ဘေး(၉)မျိုး ဆောင်/ရှောင်ရန် အသိပညာပေးဟောပြောပြီး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့

သာပေါင်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ဘေး(၉)မျိုး ဆောင်/ရှောင်ရန် အသိပညာပေးဟောပြောပြီး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စတင်၍ အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုသို့ အခြေခံပညာကျောင်းများတွင် ဘေး(၉)မျိုး ဆောင်/ရှောင်ရန် အသိပညာပေး ဟောပြောခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများမှ (၁)မုန်တိုင်းဘေး၊ (၂)လေပြင်းဘေး၊ (၃)ရေဘေး၊ (၄)ငလျင်ဘေး၊ (၅)မီးဘေး၊ (၆)လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းဘေး၊ (၇)မိုးခေါင်ရေရှားဘေး၊ (၈)မြေပြိုခြင်းဘေး၊ (၉)ဆူနာမီဘေးတို့ ဖြစ်ပေါ်လာပုံနှင့် ကြိုတင်ကာကွယ်ရမည့် အချက်အလက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဘေး(၉)မျိုး အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူတို့အား ဖြန့်ဝေပေးခဲ့ကြပြီး ဇွန်လ ၁၆ ရက်နေ့က အခြေခံပညာ မူလတန်းကျောင်း(သာပေါင်း)နှင့် ကျွန်းကလေးကျောင်းတို့တွင် ဘေး(၉)မျိုး အသိပညာပေး ဟောပြောခဲ့ကြပြီး (၅ ပေ၊ ၄ ပေ) လေပြင်းဘေး ဗီနိုင်းပိုစတာ(၁)ချပ်၊ (၅ ပေ၊ ၄ ပေ)မိုးကြိုးဘေး ဗီနိုင်းပိုစတာ(၁)ချပ်တို့ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)