သတင်းများ

လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းပုံစံများ ရေးသွင်း နည်းသင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့ နံနက်ပိုင်း၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်မည့် ရေနောက်ကျေးရွာမှ ကော်မတီဝင်များအား စီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းပုံစံများ ရေးသွင်းနည်း သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရန်နှင့် ခြင်ပေါက်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍  အမှတ်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်များအား ယနေ့ နံနက်ပိုင်းက ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
ဒေးဒရဲမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်း သီးနှံများ လျာထားဧက ပြည့်မီကျော်လွန်စွာဖြင့် အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ် နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျွဲသလင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဗန်းမော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၂၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၂၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ (၂၄)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
May 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကျင်းပသော ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန် စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်အရှင်မြတ်(၃၁)ပါးတို့အား
ပိုင်ကျုံမြို့ တောင်ကလေးကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး
May 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ တာကရားကျေးရွာအုပ်စု၊ တာကရာကျေးရွာ၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ(၁၀၀)ဦးအား ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖွင့်လှစ်
May 12,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘက်စုံသုံးဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းပဲပုပ်ရေဆင်း(၁၅) မျိုးသန့်ပွားစံပြစိုက်ကွက်အား ကွင်းဆင်း
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  အောက်ရပ်ကွက်တွင်နေထိုင်သောတောင်သူ ဦးခင်မောင်‌‌ထွေး စိုက်ပျိုးထားသောဆောင်းပဲပုပ်ရေဆင်း(၁၅) မျိုးသန့်ပွားစံ ပြစိုက်ကွက်သို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများက ယနေ့နံနက်( ၁၀:၀၀)အချိန်ခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။