မိုးညှင်းမြို့၌ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်မှ ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုးညှင်း ဇွန် ၂၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်မှ ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများလာရောက် ဆောင်ရွက်သည့် ပြည်သူများနှင့် ပြောဆိုဆက်ဆံရေး ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဦးအောင်ပြည့်စုံထွန်၊ ရုပ်/သံကျွမ်းကျင်-၃က ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်ကိုလည်းကောင်း၊ ဦးအောင်မျိုးဝင်း၊ အငယ်တန်းစာရေးက ပြည်သူ့ဆက်ဆံရေး၏ လုပ်ငန်းသဘာဝကိုလည်းကောင်း၊ ဒေါ်ခင်သက်ဦး၊ ဒုတိယဦးစီးမှူးက ပြည်သူ့ဆက်ဆံရေး လုပ်ငန်းရည်ရွယ်ချက် ပန်းတိုင်များကိုလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြရာ အဆိုပါ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)