သတင်းများ

ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
May 12,2022
မိုးဦးကာလ ခြင်ပေါက်ပွားမှုများသော ရာသီရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာ၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအဖွဲ့ Women Club အဖွဲ့၊ စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု   ကာကွယ်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။        
ဖားကန့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင်  ၂၀၂၂-၂၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ  ကျောင်းသား၊ ကျောင်းသူများ အား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပိတ်ဆို့နေသော ရေမြောင်းများ တူးဖော်ဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သန့်ရှင်းသာယာလှပရေးအတွက်  တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ရပ်ကွက်(၁၄)ရှိ ပိတ်ဆို့နေသော ရေမြောင်းများကို ဇွန်လ (၅) ရက်နေ့မှ စတင်ကာ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၄) ရပ်ကွက်ရှိ ဧရာရွှေဝါခန်းမတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၌  ကျေးရွာနေပြည်သူများအား ကျား၊ မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးသင်တန်းပို့ချ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကျေးလက် ဒေသနေပြည်သူများနှင့် အမျိုး သမီးများဘဝ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက ကျုံဘုတ်ကျေးရွာရှိ ရေစွယ်ကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့၌ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် မြို့နယ်ကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာ ပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ လက်ဝယ်အရောက် လူမှုရေးပင်စင်များ လိုက်လံထောက်ပံ့
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုး ခံစားခွင့် ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းကစတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။