ဒေးဒရဲ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မိုးရာသီကာလ ဖြစ်ပွားလျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ပူးပေါင်း၍၊ မူလတန်းကြိုကျောင်းတွင် သွေလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးကျော်စွာဝင်းက မိုးရာသီကာလ ဖြစ်ပွားလျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် နေအိမ်၊ စာသင်ခန်းနှင့် ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရေး ရေလှောင်ကန်များ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့်နေရာများတွင် ခြင်များမပေါက်ဖွားနိုင်ရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ရေး ဆွေးနွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသော မိဘအုပ်ထိန်းသူများက သိရှိလိုသည့် မေးမြန်းချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)