သတင်းများ

မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်
May 12,2022
မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅ )နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)နှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအစည်းအဝေးတက်ရောက်
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို မေလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအားငှားရမ်း
May 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 12,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်‌လေးများ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာ‌အုပ်စာပေများကို
ငဖဲမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး လူထုလှုပ်ရှားမှုအဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ချောင်းဖြူကျေးရွာအုပ်စု သရက်ပင်ကျေးရွာအရှေ့ဘက် ပါရမီတောင်ခြေတွင် ယနေ့နံနက် ၈နာရီ အချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ တက်ရောက်၍ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
မြောင်းမြမြို့ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်က ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများ လက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
ကျုံပျော်တွင် ငါးမျိုးပြုန်းတီးမှုမရှိစေရန် အသိပေးကြော်ငြာစာရွက်များဖြန့်ဝေ
May 12,2022
ငါးမျိုးပြုန်းတီးမှုမရှိစေရန် ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ် စားသုံးနိုင်ရန်အတွက် အများပြည်သူများသို့ အသိပေးကြော်ငြာစာရွက်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ ယမန်နေ့က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသံဃာတော်များကို နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို မြောင်းမြမြို့၊ စကြာသီဟ၊ စကြာနန္ဒဓမ္မာရုံကြီး၌ ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ်က အဆိုပါ စာဖြေဌာန ဓမ္မာရုံကြီးတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော် (၃၀)ပါး၊ ဓမ္မာစရိယ စာဖြေသံဃာ (၆၁)ပါး၊ ပါဠိပထမပြန်စာဖြေသံဃာ (၁၉၇)ပါး၊ စုစုပေါင်း (၂၈၈)ပါးတို့အား နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။