ဒိုက်ဦးမြို့နယ်၊ မြို့မစျေးအတွင်း စားသုံးဆီရောင်းချနေသောဆိုင်များအားလိုက်လံစစ်ဆေး

ဒိုက်ဦး ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုကဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦး မြို့မစျေးကြီးအတွင်းရှိ​စားသုံးဆီရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ ရောင်းချနေသောဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)