မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ်အတွင်း ဌာနဆိုင်ရာများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၂၅

မွန်ပြည်နယ်အတွင်း ဌာနဆိုင်ရာများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ကဏ္ဍပေါင်းစုံ တွန်းအားပေး ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်မှာ သက်ဆိုင်ရာဌာန ဆိုင်ရာများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ အကျိုးစီးပွား အထောက်အကူဖြစ်စေရေးကို ဖော်ဆောင်ကြရာမှာ ဌာနအလိုက် ဆောင်ရွက်ချက်များ၏ အားနည်းချက်၊ အားသာချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ဆောင်ရွက်ရန် ကျန်ရှိနေမှုများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များအား power point ဖြင့် ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက အကြုံပြုဖြည့်စွက်ဆွေးနွေး၍  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှားစကားပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)