ကျောက်တံတားမြို့နယ်ရုံး၌ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျောက်တံတား  ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာနန္ဒသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပညာ့အလင်းခေတ်မီစာကြည့်တိုက်၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းတို့က အမှာစကားပြောကြားပြီးနောက် ဒေါ်ညိုညိုမာနှင့် ဒေါ်ဖြူဖြူနွယ်တို့က အပြုအမူကောင်းတို့အတွက် ရည်မှန်းချက် ကိုလည်းကောင်း၊ ဒေါ်ဝတ်ရည်ကျော်က တွေဝေခြင်းကို ကျောခိုင်းခြင်းကိုလည်းကောင်း ဖတ်ကြားကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးကြသည်။ စာရေးဆရာနန္ဒသိန်းဇံရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်သည် လူမှုဘဝနှင့်အတွေးအမြင်ဆိုင်ရာထင်ရှားသည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ဘဝ၏ အခက်အခဲအတားအဆီးများကို သတိ၊ ဝီရိယတို့ဖြင့် ရင်ဆိုင်ကျော်လွှားပုံများကို တင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)