သရက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း မီးသွေးဖုတ်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ သွားတိုက်နည်းအကြောင်းနှင့် သွေးလွန်တုပ်ကွေးကာကွယ်ရေး၊ ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နှင်းပေးမှု အကြောင်းတို့ကို ဆွေးနွေးပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ နား၊ လယ်ပင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေး ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)