သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
May 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ဘီးလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းပင်လဲကျရာ စျေးဆိုင်ခန်း (၃) ခန်း ပျက်စီးမှုဖြစ်ပွား
May 12,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မေ ၂၁ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကန်သာယာရပ်ကွက်၊ ကျွန်းတောလမ်းဆုံရှိ လုံးပတ် ၃ ပေခန့်နှင့် အမြင့် ပေ ၂၀ ခန့်ရှိ ကျွန်းပင်လဲကျမှုဖြစ်ပွားရာ စျေးဆိုင်ခန်း ၃ ခန်း ပျက်စီးမှုဖြစ်ပွားခဲ့သည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်အနားကျင်းပ
May 12,2022
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် အားကစားဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာ၌ Solar Mini-Grid မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာအုပ်စု၊ အိမ်ယာကြီး ကျေးရွာ Mini Grid စီမံကိန်းဝန်း၌ ယမန်နေ့ နံနက်ပိုင်းက ကျိုက်လတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက NEP စနစ်ဖြင့် ဆောင်ရွက်ခဲ့သည့် Solar Mini-Grid မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ ခြင်ကိုက်ခံရခြင်း ကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား/ သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ အမှတ်(၄)ရပ်ကွက် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်၌ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် (Grade -11) ကျောင်အုပ်စုအဆင့် သင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အ.ထ.က (အင်္ဂပူ) ငုရွှေဝါခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-11) ကျောင်းအုပ်စုအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂၁ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်သို့ စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြသော တိုင်းရင်းသား ပလောင်လူမျိုး မိသားစုတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သီရိဇေယျာလမ်း၊ ပတ္တမြားရိပ်သာ၊ ခန္ဓာဉာဏ်ရောက် ဝိပဿနာဓမ္မာရုံတွင် စစ်‌ဘေးတိမ်းရှောင် ခိုလှုံနေကြသော တိုင်းရင်းသား ပလောင်လူမျိုး မိသားစုတို့ကို မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက် ထိုးနှံပေးလျက်ရှိသည်။
ဖားကန့်မြို့နယ် ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာကောင်းမွန်စေရေး ချောင်းရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာမြေအတွင်းရှိ ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် မတ်လ(၉)‌ရက်နေ့မှ စတင်၍ ချောင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။