ကျိုက်ဒုံမြို့၊ အမှတ်(၄)ရပ်ကွက်၊တော်ဝင်လမ်း၌(Box Culvert)တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်
May 24,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင် သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊တော်ဝင်လမ်း၌ (Box Culvert) တံတား (၁)စင်း ဆောက်လုပ် ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။