နတ်တလင်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပေစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တွင်းလမ်း/ တံတားများ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့မရပ်ကွက်၊ စျေးလမ်းအလယ်ပိုင်း မြို့မစည်ပင်သာယာစျေးရှေ့တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ်(၆)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ၍ အရှည်(၅၀၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၃)လက်မ ဆောင်ရွက်လျက်ရှိရာ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရပြီး လမ်းအားကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စျေးဝယ်သွားလာရာတွင် ပိုမိုအဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရှိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)