သတင်းများ

ကျုံပျော်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်များအခမဲ့ ဖြန့်ဝေ
May 12,2022
ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို ကာကွယ်နိုင်ရန်အတွက် ဇွန်လ ၅ ရက်‌ နေ့တွင် ကျရောက်သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (Wold Environment Day) 2022 အထိမ်းအမှတ်အဖြစ် ပြည်သူများထံသို့ ပျိုးပင်များ ဖြန့်ဝေပေးအပ်ခြင်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျုံ‌ပျော်ဘိနယ် သစ်တောပျိုးဥယျာဉ်၌ ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် သဘာဝဘေးပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show) ကျင်းပ
May 12,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၈)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ (၂၃)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေး ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
May 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ (၂၃)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေး ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇနူ​ထောဘုန်းတော်ကြီးကျောင်း ထိုင်တော်မူဘုရားကြီးဓမ္မရုံ၌ ကျင်းပပြုလုပ်ရာ မွန်ဒေသလုံးဆိုင်ရာ ဆရာတော်ကြီးများ၊ သံဖြူဇရပ်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 
ပခုက္ကူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
May 12,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပသည်။
ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အ.ထ.က(၁) ပြင်ဦးလွင်၌
ဗန်းမော်မြို့တွင် နှစ်(၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် “နှစ်(၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ “မြညီလာခန်းမ” ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
May 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် ဂေါက်ကလပ်ဝင်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
May 12,2022
ပြည်သူလူထုကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။