ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 12,2022
ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ မတ်လ (၂၆)ရက်နေ့မှ စတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအားလုံး အနေဖြင့်လည်း ယနေ့ နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး မြို့နယ်တွင်းမှ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်လက်ခံ နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ မှ ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်၌ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။