သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်/ဆေးထိုးခြင်းများဆောင်ရွက်
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက် (၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်/ ဆေးထိုးခြင်းလုပ်ငန်းများကို၊ ယနေ့နံနက် (၈)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Jul 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှိသင်တန်းခန်းမတွင် ဇူလိုင်(၁)ရက် နံနက်(၉)နာရီခွဲ အချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပကြောင်း သိရှိရသည်။
အုတ်ဖိုမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 01,2022
သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူးထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်ညွန့်ကျေးရွာအုပ်စု၊ တောင်ညိုလေးဘုန်းတော်ကြီးကျောင်း၊ လျောင်းတော်မူဘုရားအနီးရှိ စိုက်ကွင်းတွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  စာအုပ်လှူဒါန်းပွဲကျင်းပ
Jul 01,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ ကျေးရွာစာကြည့်တိုက်များအတွက်စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့၌ မိုးစပါးစိုက်ဧက(၅၂၈၁၇)ဧက စိုက်ပျိုးရန်လျာထား
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၂-၂၀၂၃-ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၂၈၁၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့၌ သုတစုံလင်စာဥယျာဉ်အစီအစဉ် Online အသိပညာပေးဟောပြော
Jul 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ သုတစုံလင်စာဥယျာဉ် အစီအစဉ် အသိပညာပေး ဟောပြောခြင်းကို Online မှ တစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ “အလှဆုံးအပြုံး မေမေ့ မျက်နှာ” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။