သတင်းများ

ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းပြင်ပကလေးသူငယ်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းပြင်ပကလေးသူငယ်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲတွင် (၃၇၈၄၈၈)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ ပညာပေး ဆွေးနွေး
Jul 01,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊အနေဖြင့် တောင်သူပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း ထည့်သွင်းပညာပေးဆွေးနွေးလျက်ရှိရာ  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျေးရွာလေးရွာတွင် ထည့်သွင်းပညာပေး ဆွေးနွေးခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း လက်ရက်ကန်း သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Jul 01,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံ)တွင် ယမန်နေ့က လက်ရက်ကန်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲကျင်းပ
Jul 01,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁ရက် နံနက် ၁၀နာရီအချိန်က ကျင်းပသည်။
လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ ပြုလုပ်
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
‌ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်
Jul 01,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
မုဒုံမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 01,2022
ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုအဖြစ် မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျုံဖိုက်ကျေးရွာရှိ မြန်မာ့ဆက်သွယ်ရေးရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် အပေါ့စား မီးငြိမ်းသတ်စက် ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ရေလှောင်ကန်များ ရေဖြည့်တင်းခြင်းများ ဆောင်ရွက်
Jul 01,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဈေးမီးဘေးလုံခြုံရေးအတွက် အသင့်ထားရှိသော အပေါ့စားမီးငြိမ်းသတ်စက် ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်များ ရေဖြည့်တင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။