မောက်မယ်မြို့နယ်၌အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ
Jul 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင် ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်၂နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။