Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နောင်ချိုမြို့နယ်တွင် အသက်၂လမှ ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံ
Jul 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတွင် အသက်၂လမှ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်စိုက် ပွဲတော် ကျင်းပ
Jul 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ပေါင်းတည် အ.ထ.က ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ ပြည်သူများအသိပညာပေးနံရံကပ်စာစောင်များပြသ
Jul 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်ပြဘုတ်များတွင် ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ တမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ
Jul 01,2022
ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်း လုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ လက်ကိုင်ရှည် လက်တွန်းထွန်စက်လူထိုင်စီး၍ တမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နံနက်ပိုင်းက သမန်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၅၃၅/ခ) သမန်းကုန်းအနောက်ကွင်းရှိ တောင်သူ ဦးတင်မောင်ကျော်၏ လယ်မြေ (၁၀)ဧကရှိ စံပြကွက်များ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့ သိမ်ကုန်းကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်လုပ်ငန်းများဆောင်ရွက်
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှာကောင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီက သိမ်ကုန်းကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်
Jul 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဖောက်လုပ်သော ကျောက်ချောခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်အတွင်း ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး
Jul 01,2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ်ရာသီအလိုက်ထုတ်ချေးလျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများအနက် ၂၀၂၂-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား ယနေ့နံနက်ပိုင်း က သာယာဝတီခရိုင်ဘဏ်ခွဲနှင့် မြို့နယ်ဘဏ်ခွဲ (၄) နေရာတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17899
Page
17900
Page
17901
Page
17902
Current page
17903
Page
17904
Page
17905
Page
17906
Page
17907
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department