ကျောက်ဆည် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းပြင်ပကလေးသူငယ်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲတွင် (၃၇၈၄၈၈)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ကာကွယ်ဆေးများထိုးနှံရာ၌ ပထမအကြိမ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၂၆၁၁၅)ဦး၊ ကျောင်းပြင်ပကလေးသူငယ်(၈၀၀)ဦး၊ အသက်(၁၂)နှစ် အထက် ကျောင်းသား/ကျောင်းသူ (၈၄၉၆)ဦး၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်း သာမဏေ နှင့် သီလရှင်(၁၄၈၄)ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ(၁၆၇၆၂၁)ဦး စုစုပေါင်း(၂၀၄၅၁၆) ဦးနှင့် ဒုတိယအကြိမ်တွင် (၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင် (၁၀၃၀)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦးနှင့် ပြည်သူ(၁၄၉၄၈၆)ဦး၊ စုစုပေါင်း(၁၅၈၆၆၅)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး(၁၅၁၃၇)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရကာ ကာကွယ်ဆေးထိုးရန် ကျန်ရှိမှုမရှိရေးစုရပ်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)