ရေကြည်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပညာရေးမှူးရုံးရှိ နဝရတ်ခန်းမ၌ ယနေ့ နံနက်ပိုင်းက (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။