သတင်းများ

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့၊ ‌‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံ ကြည့်ရှုစစ်ဆေး
Jul 02,2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ကျောင်းအတွင်းရှိ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီး/ ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Jul 02,2022
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အမျိုးသား/ အမျိုးသမီးလက်ရွေးစင် ပိုက်ကျော် ခြင်းအသင်းတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
(၁၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 02,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၉)ကြိမ်မြောက် ဘားအံမြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့လုံးကျွတ်ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
ကျွမ်းကျင်မှု လေ့ကျင့်ရေးကျောင်း (ဘားအံ)၌ အိမ်တွင်း လျှပ်စစ် သွယ်တန်း တပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲနှင့် ဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပ
Jul 02,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ်သွယ် တန်းခြင်းသင်တန်းဖွင့်ပွဲနှင့် ဂဟေဆက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ များပေးအပ်
Jul 02,2022
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဘိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက တံတားဦး မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြန်မာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Jul 02,2022
လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖာက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေတတ်သည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၁ နာရီက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ လူကုန် ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နည်းပညာတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမနှင့် အလုပ်ရုံများ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jul 02,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည်နည်းပညာတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမ အအောက်အအုံနှင့် အလုပ်ရုံများ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ပရဝုဏ်အတွင်း သတ်မှတ်မြေနေရာများအသီးသီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ​ဆွေး​နွေးပွဲ Talk Show ပြုလုပ်
Jul 02,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့်  Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ နံနက် ၁၁ နာရီခွဲက လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူး တင်ဆက်ခဲ့သည်။