သတင်းများ

ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ဆက်လက်ထွက်ခွာ
Jul 02,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၇၉)ဦး၊ စုစုပေါင်းအလုပ်သများ(၉၉)ဦး ထိုင်းနိုင်ငံသို့ MOU စနစ် ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Jul 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင်  မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် သွေးလွန် တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား ဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များအား ဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ မွန်လွဲပိုင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 02,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊အရိပ်အာဝါသနှင့် မျက်စိ ပဿာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် ၆နာရီအချိန်က တက္ကသိုလ် ကျောင်းဝင်း အတွင်း၌ ၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
တာချီလိတ်မြို့ စံလင်းဖြိုးကိုဗစ်စင်တာမှ လာအိုနိုင်ငံ နေရပ်ပြန် အလုပ်သမား (၄၂)ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
Jul 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်သို့ ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ် သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၄၂)ဦးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်၌ မော်တော်ယာဉ် များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Jul 02,2022
ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့်ဒေသတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့က  ရေဦးကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                  
ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ ပူတာအိုမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ လမ်းတံတားလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး
Jul 02,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့သည် ပူတာအိုဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။