သတင်းများ

ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့က ဥပဒေရေးရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့၊ ရွှေဟိန်းထက် ဟိုတယ်ဝန်းအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင် စိုက်ပျိုးပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက် ဟိုတယ်ဝန်းအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ ပြုလုပ်ရာ အကျယ်အဝန်းမြေတစ်ဧက၌ မန်ဂျန်ရှားအပင်(၅၄၀)ကို ပုသိမ်မြို့နယ်ရှိ ဌာနဆိုင်ရာများ အစုံအညီဖြင့် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ဓနုဖြူမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်း ခြင်းများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မြောင်းမြတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပ သည်။
မြောင်းမြတွင် Mobile Library စနစ်ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာများသို့ သွား‌ရောက်ငှားရမ်းပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သဖန်းပင်ဆိပ်ကျေးရွာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းအခမ်းအနားတက်ရောက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာ တောင်သူ ဦးလှကျော်၏ ကွင်းအမှတ်(၉၄/၁၆၁၂)၊ ဦးပိုင်အမှတ် (၁၀/၂)တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ မိုးရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးလျက်ရှိသော ဂါလံ(၁၂၀၀၀၀)ဆံ့ ရေစုကန်(၃)ကန်ကို ကလိုရင်း ပိုးသတ်ဆေးရည်ထည့်ခြင်း ဆောင်ရွက်ပြီး မြို့ပေါ်ရပ်ကွက်တွင် နေထိုင်ကြသော မိဘပြည်သူနေအိမ်များ၌ တစ်အိမ်တက် တစ်အိမ်ကွင်းဆင်းပြီး ရေပုံး၊ တာယာအဟောင်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေဝပ်နိုင်သော နေရာများ၌ ခြင်၊ ယင်များ မအောင်းနိုင်ရန် ကြိုတင်ကာကွယ်သော နည်းလမ်းများ အသိပညာ‌ပေးဆွေးနွေးခြင်း၊ ရပ်ကွက် အတွင်း ရေမြောင်းများ၌ ခြင်၊ ယင်များ မအောင်းနိုင်ရန် ရေစီးရေလာကောင်းမွန်ပြီး အမှိုက် သရိုက်များ မစွန့်ပစ်စေရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား‌ ဆွေးနွေးမှာကြားခဲ့ သည်။