သတင်းများ

ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 02,2022
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြုကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက်က ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ
Jul 02,2022
မကွေးတိုင်းဒေသကြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တက္ကသိုလ်အသီးသီးရှိ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 02,2022
တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့် ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
နတ်တလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jul 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် ယမန်နေ့က ရွာမရပ်ကွက်၊မြို့မရဲစခန်းဝန်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မက်မန်းမြို့၌ တိုးချဲ့ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်း(၂/၀မိုင်) ကွင်းဆင်းစစ်ဆေး
Jul 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ဒေသအတွင်း ကုန်စည်စီးဆင်မှု မြန်ဆန်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း(၂/၀မိုင်) အခြေအနေအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်  လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲကျင်းပ
Jul 02,2022
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ပိုင်းအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြိူ့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၁၈၆၅)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၅)နှစ်မှ (၁၂)နှစ် ကြား ကျောင်းသား၊ ကျောင်းသူများ အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ ကျန်းမာရေးဌာနမှ ထိုးနှံပေး လျက်ရှိသည်။
ခန္တီးမြို့၌ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ မြို့သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၅နာရီခွဲအချိန်က မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဖြစ်သည့် ကမ်းနား လမ်းစတီးလက်ရန်းတပ်ဆင်ခြင်းလုပ်ငန်းနှင့် We Love Hkamti(LED) ဆိုင်းဘုတ်တပ်ဆင်ခြင်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။