မြောင်းမြမြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မြောင်းမြ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြောင်းမြမြို့နယ်ရှိ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက လမ်းဘေး ဝဲ၊ ယာမှ အမှိုက်နှင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ရပ်ကွက် အတွင်းရှိ နေအိမ်များတွင်  အသုံးပြုလျက်ရှိသည့် ရေကန်၊ ရေအိုးများ ညောင်ရေအိုးများအတွင်း ခြင်ပေါက်ဖွား မှု မရှိစေရေး  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များနှင့် အသိပညာပေးများကို  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်/ဆက်