ဒေးဒရဲ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ဌာနဆိုင်ရာရုံးများ၊ ကျောင်းပတ်ဝန်းကျင်နှင့် လူနေအိမ်များတွင် ရေဝပ်နေရာများ၊ မြက်များ၊ ချုံနွယ်အမှိုက်များ၌ ခြင်များခိုအောင်းမှုမရှိရေး ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားရန်၊ အသက်(၁၅) နှစ်မှ (၁၈)နှစ်အထိ ကျောင်းပြင်ပရှိ ကလေးများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံနေမှုနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) အပိုဆောင်းထိုးနှံပေးနေမှုများကို ကြီးကြပ်ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး နည်းပညာများ ဖြန့်ဝေ ပေးသွားရန်၊ လယ်ယာမြေများ ရေကြီးနှစ်မြှပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ တောင်သူ များက တင်ပြလာသော အခက်အခဲများအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ် အဖွဲ့များက ကွင်းဆင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်း သာယာရေး လုပ်ငန်းများနှင့် ဌာနများအနေဖြင့် ဆေင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ရက် အရောက်ပေးပို့ရေး ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း