မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေဝင်ရောက်သည့်အိမ်ထောင်စု (၁၂၅) စုအား ဆန်နှင့်ရိက္ခာပစ္စည်းများ ထောက်ပံ့

တနိုင်း ဇူလိုင်  ၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေဝင်ရောက်သည့် အိမ်ထောင်စု (၁၂၅)စုအား ဆန်နှင့်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီ ပုန်ခုန်းရပ်ကွက်၊ လီဒိုလမ်းမကြီးပေါ်၌ ပြုလုပ်သည်။

ရှေးဦးစွာ တနိုင်းမြို့နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်သန်းသန်းအေးက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦး၊ မြို့နယ်ပညာရေးမှူး၊ မွေး/ကု ဒေါက်တာ‌အောင်ကျော်မင်း၊ မြိုနယ်ပြန်ဆက်ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူး၊ မီးသတ်ဦးစီးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်းများက ဆင်မ်ဆာ့ရပ်ကွက်နှင့် ပုန်ခုန်းရပ်ကွက်တို့တွင် ရေဝင်ရောက်ခဲ့မှုကြောင့် အခက်အခဲရှိသည့် အိမ်ထောင်စု (၁၂၅) စုအား ဆန်တစ်အိတ်၊ ခေါက်ဆွဲခြောက်တစ်ဖာ၊ ရေသန့်တစ်ကဒ်နှင့် ကြက်ဥတစ်ကဒ်စီ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မနောမြေ(တနိုင်း)