ကော့ကရိတ် ဇွန် ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်တို့မှ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ မြန်မာနိုင်ငံအမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် အမျိုးသမီးရေးရာလုပ်ငန်းကော်မတီ၏ လုပ်ဆောင်ချက်များ၊ မြန်မာအမျိုးသမီးများ လေးစားအားကျ အတုယူသင့်သော ထင်ပေါ်ကျော်ကြားသည့် မြန်မာအမျိုးသမီးများ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များနှင့် မိမိတို့မြို့နယ်အတွင်း အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ရွက်ချက်များ စသည့် ဗဟုသုတရဖွယ်အကြောင်းအရာတို့ကို အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)