သာယာဝတီ ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြခြင်းအခမ်းနားကို စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာအသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီမှ ဆားငံဒါဏ်ခံ စပါးဆင်းသွယ်လတ် မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်၍ နွေစပါးစိုက်ဧကများတွင် ဆက်လက်စိုက်ပျိုးမည့် အစီအစဉ်များအား လိပ်အင်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေးသိပ္ပံကျောင်ဝန်းရှိ လယ်မြေစံပြကွက်များ၌ ကျင်းပခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံတောင်သူများက စိုက်ပျိုးရေးဆိုင်ရာ မေးမြန်းမှုများအပေါ် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သူက ဖြေကြားခြင်းများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဝင်များ၊ တောင်သူလယ်သမားများတက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)